အဆင်ပြေရင် Like နှိပ်ပေးခဲ့ပါနော်..... Thank

Root Explorer v3.1.8- Android Apk



IT နည်းပညာ ၀ါသနာ ပါသူများ Group - ၂ မှ လှိုက်လဲစွာ ကြိုဆိုပါတယ်ခင်ဗျာ....


Root Explorer v3.1.8- Android Apk 





ဒီကောင်လေးကတော့ root users and non-root users သမားတွေအတွက် Root Explorer ကိုတင်
ပေးလိုက်ပါတယ်။တစ်ချို့ Root Explorer တွေက com နဲ့လာတာတွေကိုအင်စတောလုပ်ဖို့ခက်ပါတယ်
ဒါလေးကတော့အားလုံးကိုအင်စတောလုပ်လို့ပါတယ်။Android:2.2 နှင့်အထက်ကစပြီးအသုံးပြုနိုင်ပါတယ်





LANGUAGE: English
OS: Android

GENRE: Application
COMPANY: Speed Software

VERSION: 3.1.8
RELEASE NOTES

Root Explorer is the ultimate file manager for root users and non-root users alike. With this skillfully designed app loaded on your smart phone you will be able to access the whole of Android's file system. Plus, if you've gained super user
permissions through the process of rooting your phone, you can even drill into the elusive data folder. App Name While not needed, rooting your phone unlocks Root Explorer's true potential

It's an easy way to work with the files on your Android using a familiar graphical interface You'll appreciate how smooth and fast Root Explorer allows you to search through your phone's files via file and folder thumbnails

Requires Android:
2.2 or up

Unpack, copy to SDCard, install with your file manager



Credit    >>>>>


>>>>>   DOWNLOAD HERE   <<<<<


ကျွန်တော့် ဘလော့ကို အလည်လာကြတဲ့ မိတ်ဆွေအပေါင်းတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အဆင်ပြေကြပါစေဗျာ....     ( ကိုဖြိုး - Ygn)( ကိုဖြိုး - Ygn)



Facebook တွေသုံးတဲ့အခါ ကိုယ် Liked ထားတဲ့ဟာတွေ ဖွက်ထားနည်း (Knowledge)



IT နည်းပညာ ၀ါသနာ ပါသူများ Group - ၂ မှ လှိုက်လဲစွာ ကြိုဆိုပါတယ်ခင်ဗျာ....


Facebook တွေသုံးတဲ့အခါ ကိုယ် Liked ထားတဲ့ဟာတွေ ဖွက်ထားနည်း







ဟုတ်တော့ဟုတ်တယ်နော ။ ကိုယ့်သူငယ်ချင်းက  မိန်းကလေးတစ်ယောက်ဖြစ်တယ်

သူ့ စာမျက်နှာသွားပီးကြည့်လိုက်  သူ like လုပ်ထားတဲ့ဟာတွေက Sexy Page တွေ

ကိုယ့်သဘောနဲ့   ကိုယ်ဆိုပေမယ့်လည်း  သူများမြင်တော့ မကောင်းဘူးထင်ပါတယ်

Like လုပ်တယ်ဆိုတာကကိုယ်သဘောကျ ကြိုက်နှစ်သက်တဲ့  Page ကိုပဲ လုပ်တာ

ဒါနဲ့ ကျနော်လည်း  သူငယ်ချင်းတွေဆီလျှောက်သွားပီး ဘယ်သူက  ဘယ်လိုဟာတွေ

Like လုပ်ထားလဲကြည့်ကြည့်တယ် ။ စပ်စုကြည့်တာပေါ့  အခုတော့   စပ်စုမရအောင်

ကျနော်ပိတ်ထားလိုက်တယ် ။ ဒါဆို အခုကျနော့စာမျက်နှာလာကြည့် မမြင်ရတော့ဘူး

ကျနော်   ဘယ်လိုဟာတွေ   Like လုပ်ထားလဲ  သူများကြည့်မရတော့ဘူး  ဖွက်ထားပီ

တိတ်တိတ်လေးနဲ့  ဖလမ်းဖလမ်းထတာပေါ့ ။ ဆိုတော့ကာ  သူငယ်ချင်းတွေထဲမှာလဲ

အခုလို ဖျောက်ထားချင်တယ် သူများကိုမသိစေချင်ဘူးဆိုရင်   ဖွက်ထားလိုက်ကြပေါ့

ကိုယ့်သူငယ်ချင်း ဘယ်သူတွေဆိုတာမသိစေချင်ရင် ကိုယ့်သူငယ်ချင်းဘယ်လောက်

မသိစေချင်ရင်လည်း  ဖျောက်ထားလို့ ရတယ် လျှိုဝှက်သိုသိပ်စွာ နေထိုင်းနည်းလေး

တစ်မျိုးပါပဲ ။ တချို့ ကောင်မလေးတွေ  Sexy Page တွေ  အများကြီး Like တယ်ဗျ

ပြောတော့ မပြောပါဘူး  ။  ဘယ်သူတွေ ဘာ Like လည်း   ပတ်မွှေကြည့်လိုက်တာ

ကဲ ..အမွှေမခံချင်  ၊ သူများမသိစေချင်ရင်  ဖျောက်ထားလိုက်တော့   အေးဆေးပါပဲ




1 - like ထားတဲ့ဟာတွေရဲ့ ညာဘက်အပေါ်နားမောက်စ် တင်ပီးနှိပ်လိုက်







2 -  Edit Privacy ထဲဝင်ပီး အကုန်လုံး Only me ပြောင်းပေးလိုက်ရင်ရပြီ






Credit    >>>>>      မောင်(စွယ်စုံကျမ်း)



ကျွန်တော့် ဘလော့ကို အလည်လာကြတဲ့ မိတ်ဆွေအပေါင်းတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အဆင်ပြေကြပါစေဗျာ....     ( ကိုဖြိုး - Ygn)( ကိုဖြိုး - Ygn)



Files Upload & Sharing with Google Drive (Knowledge)



IT နည်းပညာ ၀ါသနာ ပါသူများ Group - ၂ မှ လှိုက်လဲစွာ ကြိုဆိုပါတယ်ခင်ဗျာ....


Files Upload & Sharing with Google Drive (Google Drive မှာ ဖိုင်တင်ပြီး ပြန် ရှယ် တဲ့ နည်းလေးပါ။ Gmail အကောင့် မပျက် သရွေ့ လင့်မသေ)




ကျွန်တော့်အနေနဲ့ ဖိုင်တစ်ခုခုကို Upload တင်တော့မယ်ဆိုရင် ကိုယ်တင်ထားတဲ့ ဖိုင်လေးတွေ ရေရှည် ခံမှာလား၊ စိတ်ချရလား၊ ကိုယ် Upload တင်ရတာနဲ့ ဒေါင်းယူမယ့်လူတွေအတွက်ရော အားလုံး လွယ်ကူ အဆင်ပြေမှာလားဆိုတာ အမြဲစဉ်းစားပါတယ်။ ဟိုအရင်တုန်းက ကျွန်တော် Mediafire ဆိုဒ်ကို သုံးခဲ့တယ်။ နောက်ပိုင်း Copyright ငြိတာတွေနဲ့ ခဏခဏ ဖိုင်တွေ အဖျက်ခံရတယ်။ 

ဥပမာ ဆော့ဝဲလ်တစ်ခုကို မူရင်းဆိုဒ်က ရောင်းစားတယ်။ အဲဒါကို ကိုယ်က Patch ဖိုင်တွေနဲ့ တင်တာ၊ Portable လုပ်ပြီး တင်တာတို့ဆို ဖျက်ပါတယ်။ တစ်ခြားဖိုင်တွေဆိုလည်း တစ်နှစ်လောက် ပီးရင် ဖျက်ပစ်တာပါပဲ။ ဒါက Mediafireဆိုဒ်တင် မဟုတ်ပါဘူး။ Free File Hosting တိုင်းလိုလိုပဲ လုပ်နေကြတာ။ နောက် Flash Song တွေ Upload တင် [ လင့်ချိတ် ] တဲ့ သူငယ်ချင်းတွေ အများစုက Ning ဆိုဒ်တွေမှာပဲ သွားပြီး လုပ်နေကြတာပါ။ 

ခုနောက်ပိုင်း Ning ဆိုဒ်တွေဆို အများကြီးကို ပေါ်လာနေပါတယ်။ လင့်ချိတ်တဲ့လူတွေကလည်း အလွယ်တစ်ကူပါပဲ။ နောက် အဲဒီဆိုဒ်က အကြောင်းအမျိုးမျိုးကြောင့် ဆိုဒ်ပျက်သွားခဲ့ရင် ကိုယ်တင်ထားတဲ့ လင့်တွေက အလုပ် မလုပ်တော့ပါဘူး။ ပြီးတော့ ကိုယ် အဲဒီဆိုဒ်ကို မဝင်ချင်တော့လို့ အပြီးထွက်ရင်လည်း လင့်တွေ ပျက်ပါတယ်။ 

Google Drive မှာ ကျွန်တော်တို့ Blogger တွေ၊ Flash Song Creator တွေအားလုံး အတွက် ဆော့ဝဲလ်တွေနဲ့ ဖလပ်သီချင်းတွေ Mp3 သီချင်းတွေ၊ ပုံတွေ၊ PDF ဖိုင်တွေ နဲ့ တစ်ခြား ဖိုင်တွေအားလုံးကို အွန်လိုင်းပေါ်မှာတင် သိမ်းဆည်းပြီး ပြန်လည်မျှဝေဖို့ကို သင့်အနေနဲ့ Gmail အကောင့် တစ်ခု ရှိရုံနဲ့ 15 GB အထိ Upload လုပ်နိုင်ပါတယ်။ 

.zip .rar နဲ့ ချုံ့ထားတဲ့ ဖိုင်တွေဆိုရင် လင့်ကို တစ်ချက်နှိပ်လိုက်ရုံနဲ့ ဒေါင်းလုပ်ကျပြီး Flash Song တွေရင်လည်း လိုင်းပေါ်မှာတင် နားထောင်လို့ရပါတယ်။ Download အတွက် ပေးချင်တယ် ဆိုရင်လည်း လင့်တစ်ခုနဲ့တင် ရပါပြီ။ MP3 သီချင်းတွေဆိုရင်လည်း ဒေါင်းလုပ်ပေးလို့ရတယ်။ Flash Mp3 Player တွေနဲ့ ကုတ်ထည့်ပြီး တင်လို့ရတယ်။ 

ကိုယ့်ဝဘ်ဆိုဒ်မှာ အသုံးပြုဖို့ .css , .js ဖိုင်တွေကိုလည်း ကုတ်နဲ့ထည့်ပြီး သုံးလို့ရတယ်။ html ဖိုင်တွေကိုလည်း လိုင်းပေါ်မှာတင် ကြည့်လို့ရပါတယ်။ ဒီတော့ ကျွန်တော်တို့အတွက် Google Drive ထက်ကောင်းတာ ဘာရှိဦးမလဲ။ Google Drive ဆိုတာ www.google.com ကို သွားလိုက်ရင် Gmail ရဲ့ ညာဘက်မှာ ရှိပါတယ်။



 

ကျွန်တော်တို့ လိုချင်တာတွေ ရှာဖို့ Search , Images ရှိတယ်။ ဖုန်းမှာ သုံးဖို့ ဆော့ဝဲလ်တွေ ဂိမ်းတွေ ဒေါင်းဖို့က Play ရှိတယ်။ Video ဖိုင်တွေ ကြည့်ချင်ရင် YouTube သွားပေါ့။ Gmail ဆိုတာကတော့ အထူးမိတ်ဆက်ပေးစရာမလိုဘူး ထင်တာပဲ။ 

လူတိုင်းမှာ Gmail အကောင့် ၁ ကတော့ အနည်းဆုံးရှိတာပဲလေ.. Google ဆိုတာ ကျွန်တော်တို့ အတွက် အွန်လိုင်းပေါ်မှာ လိုအပ်တာတွေ အားလုံးကို ဖြည့်ဆည်းပေးနေတဲ့ ကမ္ဘာကျော် ဝဘ်ဆိုဒ်ပါ။ အဲဒီတော့ သင်ယုံကြည် စိတ်ချစွာနဲ့ Google Drive ကို အသုံးပြုနိုင်ပါတယ်။ 

ဖိုင်တွေကို Upload တင်မယ်ဆိုရင် ပထမဦးဆုံး ဒီကနေ သွားပြီး သင့် Gmail အကောင့်နဲ့ Sign In လုပ်ပါ။ အဲဒါဆို ဒီစာမျက်နှာကို ရောက်လာပါလိမ့်မယ်။ ဖိုင်တွေကို Folder တစ်ခုစီ လုပ်ထားတာ ပိုကောင်းပါတယ်။ ပြီးရင် ဆော့ဝဲလ် ဒါမှ မဟုတ် Flash Song ၊ ကိုယ်တင်ချင်တာကို Upload တင်ပါ။


 

ကိုယ် Upload တင်ထားတဲ့ ဖိုင်တွေကို ရှယ်တဲ့ နေရာမှာ ကိုယ်ကဖိုင်တွေကို တစ်ခုချင်းစီ ရှယ်မယ်ဆို လည်း ရပါတယ်။ 


Folder တစ်ခုလုံး ရှယ်ချင်တယ်ဆိုလည်း ရပါတယ်။ ကျွန်တော်ကတော့ Folder တစ်ခုလုံး ရှယ်ပါတယ်။ အဲဒါက ကိုယ့်အတွက်ရော ဒေါင်းတဲ့သူ အတွက်ပါ ကောင်းပါတယ်။ ဒါကတော့ ကိုယ့်စိတ် သဘော အတိုင်းပေါ့နော်..


ခုလိုမျိုးပေါ်လာပြီဆိုရင် Change... ကို နှိပ်ပါ။ 


အပေါ်ဆုံးက Public on the web ကို ရွေးပြီး Save လုပ်လိုက်ပါ။ 


အနီရောင်နဲ့ ဝိုင်းပြထားတဲ့ လင့်ကို ကော်ပီ ယူလိုက်ပါ။


ဒါက Flash Songs Folder တစ်ခုလုံး ရှယ်ထားတဲ့လင့်ပါ။

https://drive.google.com/folderview?id=0B2_DQmuprDoidnJiOWo4NGs1SzQ&usp=sharing
ဒါကFlash Song တစ်ပုဒ်ပဲ ရှယ်ပေးထားတာပါ။

https://docs.google.com/file/d/0B2_DQmuprDoiUHVubW9LSWtJNE0/edit?usp=sharing

အနီရောင်နဲ့ ပြထားတာက ရှယ်ထားတဲ့ ဖိုင်ရဲ့ id ပါပဲ..။ လင့်ကို အောက်ပါ အတိုင်း ပြောင်းလိုက်ပါ။

 https://googledrive.com/host/ဒီနေရာမှာ ဖိုင် id ထည့်ပါ...

ကျွန်တော် အောက်မှာ လုပ်ပြထားပါတယ်။

https://drive.google.com/folderview?id=0B2_DQmuprDoidnJiOWo4NGs1SzQ&usp=sharing

https://googledrive.com/host/0B2_DQmuprDoidnJiOWo4NGs1SzQ
-------------------------------------------------------------------------------------------------------
https://docs.google.com/file/d/0B2_DQmuprDoiUHVubW9LSWtJNE0/edit?usp=sharing

https://googledrive.com/host/0B2_DQmuprDoiUHVubW9LSWtJNE0

ဒီနည်းအတိုင်း ဖိုင်ကို လင့်ပြောင်းလိုက်ရင် .zip .rar နဲ့ ချုပ်ထားတဲ့ ဖိုင်ဆိုရင် တစ်ခါတည်း ဒေါင်းလုပ် ကျပါတယ်။ Flash Song ဆိုရင် လိုင်းပေါ်မှာတင် နားထောင်လို့ ရတယ်။ မူရင်းလင့်ကို ဒေါင်းလုပ်ပေး မယ်ဆို တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် လင့်တစ်ခု တည်းနဲ့တင် တော်တော် အဆင်ပြေနေပါပြီ။ 

Upload တင်ထားတဲ့ ဖိုင်တွေကို ရှယ်တဲ့နေရာမှာ ဖိုင် တစ်ခုစီရှယ်မယ်ဆိုရင် အချိန်အများကြီးပေးရ ပါလိမ့်မယ်။ ဒါ့ကြောင့် Folder တစ်ခုလုံးကို ရှယ်လိုက်ပြီး လင့်ကို ဖွင့်လိုက်။ ကိုယ်တင်ပေးချင်တာကို Right Click >> Copy Link Loction လုပ်ပြီးတော့ တင်လိုက်ရုံပါပဲ....။



Google Drive က တင်ထားတာလေးတွေကိုတော့ အောက်မှာ လင့်ပေးထားပါတယ်။

Software  >> https://googledrive.com/host/0B-qdXDrTpme3c3N1cG1oNENFSU0/

Flash Songs >> https://googledrive.com/host/0B-qdXDrTpme3SFhfUExZRkttWGc/




Credit    >>>>>     မောင်(စွယ်စုံကျမ်း)
                              သူရိန်လင်း




ကျွန်တော့် ဘလော့ကို အလည်လာကြတဲ့ မိတ်ဆွေအပေါင်းတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အဆင်ပြေကြပါစေဗျာ....     ( ကိုဖြိုး - Ygn)( ကိုဖြိုး - Ygn)



မိုဘိုင်းဖုန်းအသုံးပြုရာတွင် သတိပြုရမည့်အချက်များ (Knowledge)



IT နည်းပညာ ၀ါသနာ ပါသူများ Group - ၂ မှ လှိုက်လဲစွာ ကြိုဆိုပါတယ်ခင်ဗျာ....


မိုဘိုင်းဖုန်းအသုံးပြုရာတွင် သတိပြုရမည့်အချက်များ (Knowledge)


၁။ ဖုန်းများကို အပူဓာတ်လွန်ကဲမှုမဖြစ်အောင် ထားပါ။
အပူဓာတ်လွန်ကဲမှုသည် ခေတ်မှီ Smartphones များနှင့် tablet များအတွက် အလွန်စိုးရိမ်ရပါတယ်။ Mobile ဖုန်းများကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့ မိအောင် လက်ကိုင်ပုဝါဖြင့် ဖုံးထားပါ။ ပူပြင်းသော အချိန်တွင် ဖုန်းကို ကားပေါ်တွင် ချန်မထားခဲ့ပါနှင့်၊ မိမိနှင့် တပါးတည်း ယူဆောင်သွားပါ။

၂။ ဖုန်းထဲသို့ ရေမဝင်ပါစေနှင့်။
လျှပ်စစ်ပစ္စည်းများသည် ရေစိုခံ၍မရပါ။အကယ်၍ သင်၏ ဖုန်း ရေထဲကျသွားပါက ဖုန်းကို လျှင်မြန်စွာ ဆန်ခွက်ထဲသို့ထည့်ထားပါ။ ဖုန်း ပျက်စီးမှုဒဏ်မှလျော့ပါးစေပါတယ်။

၃။ ဖုန်းကို ကြာကြာသုံးပြီး အားသွင်းခြင်းလျှော့ပါ။
ဖုန်းကို တစ်နေကုန် တစ်နေခမ်း အသုံးပြုပြီး အိမ်သို့ပြန်ရောက်ချိန်တွင် ဖုန်းအားသွင်းရန် အချိန်မပေးနိုင်ခြင်း မေ့လျော့ခြင်းများဖြစ်တတ်ပါတယ်။ ဖုန်းအား မရှိပါက သင်၏ တစ်နေ့တာအစီအစဉ်များ ပျက်ယွင်းနိုင်ပါတယ်။ BatteryDoc အစရှိတဲ့ app မျိုးကို ဖုန်းတွင်ထည့်ထားပြီး ဖုန်းအားသွင်းပါက ဖုန်း battery သက်တမ်းပိုမိုကြာရှည်စွာ အသုံးပြုခံပါတယ်။

၎။ ဖုန်းပျောက်ဆုံးပါက ပြန်လည်ရှာဖွေရန်နည်းလမ်း။
ဖုန်းပျောက်ဆုံးခြင်းက လွန်စွာဆိုးရွားတဲ့ဖြစ်ရပ်တစ်ခုပါပဲ။ OS ဖုန်း တော်တော်များများ ပျောက်ဆုံးပါက ပြန်ရှာနိုင်ရန် built in service များထည့်သွင်းထားနိုင်ပါတယ်။ ပျောက်ဆုံးချိန်တွင် ပျင်းရိမနေပဲ လျင်မြန်စွာပြန်ရှာသင့်ပါတယ်။ (အင်တာနက် ကောင်းမွန်ရန် လိုအပ်ပါသည်)

၅။ ဖုန်း ပွန်းပဲ့ခြင်းမှ ကာကွယ်နိုင်ရန်။
ဖုန်း ကို လက်ထဲမှ လွတ်ကျခြင်းက အမြဲဖြစ်လေ့ရှိကြပါတယ်။ ထိုကဲ့သို့ ထိခိုက်ခြင်းမှ ကာကွယ်နိုင်ရန် scratch protection များထည့်သွင်းသင့်ပါတယ်။ Protectors များတွင် ဈေးနှုန်းချိုသာသော protectors များလည်းရှိပါသည်။ ZAGG invisibleSHIELD နှင့် Armortech ကဲ့သို့သော screen protectors များသည် သင်၏ smartphone မျက်နှာပြင်ကို မတော်တဆထိခိုက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။



Credit    >>>>>     မောင်ပေါက်




ကျွန်တော့် ဘလော့ကို အလည်လာကြတဲ့ မိတ်ဆွေအပေါင်းတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အဆင်ပြေကြပါစေဗျာ....     ( ကိုဖြိုး - Ygn)( ကိုဖြိုး - Ygn)



Phone အားသွင်းရင် အိပ်တတ်သူများအတွက် ဘက်ထရီမပျက်အောင် အားပြည့်ရင် Alarm မြည်အချက်ပေးတဲ့ဆော့ဝဲ



IT နည်းပညာ ၀ါသနာ ပါသူများ Group - ၂ မှ လှိုက်လဲစွာ ကြိုဆိုပါတယ်ခင်ဗျာ....


Facebook v13.0.0.0.2 apk








အားပြည့်နေရက်နဲ့ တစ်ညလုံး သွင်းထားတယ်ဆို ဘက်ထရီ အပျက်မြန်ပြီး

အားကုန်တာလည်း တအားမြန်တယ် ဘက်ထရီပြည့်ရင် ပလက်ခေါင်းဖြုတ်

အိပ်နေရင်းသွင်းတဲ့သူများ ဘက်ထရီပြည့်တာနဲ့  အချက်ပေး Alarmမြည်ဖို့ 

အောက်ကလင့်မှာ ဆော့ဝဲဒေါင်းထည့်လိုက်ပါ မေ့တတ်သူများအတွက် OK





Credit    >>>>>     မောင်(စွယ်စုံကျမ်း)


>>>>>   DOWNLOAD HERE   <<<<<


ကျွန်တော့် ဘလော့ကို အလည်လာကြတဲ့ မိတ်ဆွေအပေါင်းတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အဆင်ပြေကြပါစေဗျာ....     ( ကိုဖြိုး - Ygn)( ကိုဖြိုး - Ygn)



Notification တွေကိုရောင်စုံသတ်မှတ်ပေးနိုင်တဲ့ - Light Flow - LED&Notifications v3.20.106 APK



IT နည်းပညာ ၀ါသနာ ပါသူများ Group - ၂ မှ လှိုက်လဲစွာ ကြိုဆိုပါတယ်ခင်ဗျာ....


Notification တွေကိုရောင်စုံသတ်မှတ်ပေးနိုင်တဲ့ Light Flow - LED&Notifications v3.20.106 APK 




အခုတင်ပေးလိုက်တဲ့ Application လေးကတော့ ကျွန်တော်စမ်းသပ်ကလိကြည့်ပြီးလို့ သဘောကျပြီး ဘော် ဒါတွေကိုသုံးစေချင်လို့ တင်ပေးလိုက်တာပါ။ Notification တွေကို မိမိစိတ်ကြိုက် ရောင်စုံသတ်မှတ်ပေးနိုင် မယ့် Application မျိုးဖြစ်ပါတယ်။ Notification တစ်ခုကို အရောင်တစ်မျိုး စတိုင်တမျိုး အသံတစ်မျိုးစီထားပြီး သတ်မှတ်ပေးနိုင် ပါတယ်။ App ပေါင်း 250 ကျော်ကို Support လုပ်ပေးနိုင်ပါတယ်ဗျာ။ အောက်မှာ Screen Shot တွေရိုက်ပြထားပါတယ်ဗျာ။ Android OS 2.2 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ် ဗျာ။



    

    

    


Credit    >>>>>    မောင်ပေါက်



 Mediafire Link 
>>>>>   DOWNLOAD HERE   <<<<<

 Dropbox Link 
>>>>>   DOWNLOAD HERE   <<<<<


ကျွန်တော့် ဘလော့ကို အလည်လာကြတဲ့ မိတ်ဆွေအပေါင်းတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အဆင်ပြေကြပါစေဗျာ....     ( ကိုဖြိုး - Ygn)( ကိုဖြိုး - Ygn)



Android ကို ပိုမိုလုံခြုံအောင် ပြုလုပ်ထားနိုင်မည့် အချက် (၁၀) ချက် (Knowledge)



IT နည်းပညာ ၀ါသနာ ပါသူများ Group - ၂ မှ လှိုက်လဲစွာ ကြိုဆိုပါတယ်ခင်ဗျာ....


 Android ကို ပိုမိုလုံခြုံအောင် ပြုလုပ်ထားနိုင်မည့် အချက် (၁၀) ချက် (Knowledge)




မိုဘိုင်းထုတ်ကုန်များ အသုံးပြုရာတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပေါက်ကြားမှု မဖြစ်စေရန်အတွက် ကြိုတင်ကာကွယ်မှု ပြုလုပ်ထားနိုင်သည့် နည်းလမ်းများနှင့် အလေ့အထများကို သိရှိထားရန် လိုအပ်သည်။ ထို့ကြောင့် Android အသုံးပြုသူများ အတွက် ၎င်းတို့၏ ထုတ်ကုန်များကို ပိုမိုလုံခြုံမှုရှိစွာဖြင့် အသုံးပြုနိုင်မည့် အချက် (၁၀) ချက်ကို ဖော်ပြလိုက်ပါသည်။

(၁) Lock screen ကို PIN/pattern/password ဖြင့် သတ်မှတ်ထားပါ။

Android သုံးစွဲသူများ အနေနှင့် လုပ်ငန်းသုံး စမတ်ဖုန်း သို့မဟုတ် tablet ကွန်ပျူတာတစ်ခုကို PIN/pattern/password တစ်ခုခုဖြင့် lock ပြုလုပ်ထားခြင်း မရှိပါက အချက်အလက်များ ပေါက်ကြားမှု ဖြစ်ပေါ်နိုင်သည်။ Pattern တစ်ခုဖြင့် unlock ပြုလုပ်သည့်အခါတွင် အသုံးပြုပြီးသည့်နောက် screen ကို အဝတ်စဖြင့် သုတ်သင့်သည်။ သို့မဟုတ်ပါက screen ပေါ်တွင် pattern ဆွဲစဉ်က ကျန်ခဲ့သည့် လက်ဗွေရာကြောင့် ဖုန်းကို unlock ပြုလုပ်သွားနိုင်သည်။

(၂) လုံခြုံမှုမရှိသည့် ကွန်ရက်များနှင့် မချိတ်ဆက်ပါနှင့်။

စမတ်ဖုန်းနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် လုံခြုံမှုမရှိသည့် ကွန်ရက်များနှင့် မချိတ်ဆက်သင့်ပေ။ ကော်ဖီဆိုင်၊ စားသောက်ဆိုင်စသည်တို့ဖြင့် ကွန်ရက်ချိတ်ဆက်၍ အသုံးပြုနိုင်သော်လည်း wireless ကွန်ရက်တွင် password မရှိပါက အရေးကြီးသည့် ကုမ္ပဏီအချက်အလက်များကို ပေးပို့ခြင်းအား ရှောင်ကြဉ်သင့်သည်။

(၃) ဖုန်းတွင် storage encryption ကို သတ်မှတ်ထားပါ။

ဖုန်းပေါ်တွင် အချက်အလက်များကို encrypt ပြုလုပ်ထားသင့်သည်။ ၎င်းသည် ဖုန်းကို အသုံးပြုသည့်အခါ encryption password တစ်ခု လိုအပ်သည်။ ၎င်းသည် lock screen password ထက် ပိုမိုလုံခြုံမှုရှိပြီး crack လုပ်ရာတွင်လည်း အလွန်ခက်ခဲသည်။

(၄) App installation အတွက် unknown source ကို enable မလုပ်သင့်ပါ။

Google Play Store က မဟုတ်သော third-party application များကို install လုပ်သည့်အခါ အရေးကြီး အချက်အလက်များ ခိုးယူခံရနိုင်သည်။ ထို့ကြောင့် third-party app များကို ၁၀၀ ရာခိုင်နှုန်း မယုံကြည်သင့်ပေ။

(၅) Anti-malware app တစ်ခုကို အသုံးပြုပါ။

Google က Play Store မှာ app တွေကို စစ်ဆေးပြီး malware ရန်ကနေ အကောင်းဆုံး ကာကွယ်ပေးပေမယ့်လည်း Malwarebytes လိုမျိုး anti-malware app တစ်ခုကို ပုံမှန် အသုံးပြုသင့်သည်။ ထို့အပြင် app တစ်ခုကို ထည့်သွင်းပြီးတိုင်း anti-malware app ဖြင့် အမြဲ scan လုပ်သင့်သည်။

(၆) Secure Update Scanner ကို အသုံးပြုပါ။

Secure Update Scanner ကို ထည့်သွင်း အသုံးပြုခြင်းကလည်း တစ်မူထူးခြားသည့် လုံခြုံရေးအန္တရာယ်ကို ကာကွယ်နိုင်သည်။ Developer များသည် အစပိုင်းတွင် အန္တရာယ်ကင်းသည့် app များကို ဖန်တီးပေးပြီး update ပြုလုပ်ခိုင်းသည့်အခါတွင် malware များကို ထည့်သွင်းနိုင်သည်။ ထို့ကြောင့် Secure Update Scanner ကို အသုံးပြုပြီး ပုံမှန် စစ်ဆေးခြင်းက app update နှင့် operating system update များတွင် malware ပါဝင်သည့် အန္တရာယ်နှင့် ကင်းဝေးစေမည် ဖြစ်သည်။

(၇) App အတွက် permissions စာရင်းကို သေချာဖတ်ပါ။

App တွေကို install ပြုလုပ်သည့်အခါ permissions စာရင်းကို မဖတ်ဘဲ install မလုပ်သင့်ပါ။ အကယ်၍ ဂိမ်း သို့မဟုတ် note-taking app တစ်ခုကို ထည့်သွင်းသည့်အခါ permissions စာရင်းတွင် ဆက်သွယ်မှု၊ ဖုန်းနံပါတ်နှင့် ကွန်ရက်အချက်အလက်များကို အသုံးပြုရန် ခွင့်ပြုချက်များ လိုအပ်ကြောင်း ဖော်ပြထားသည်။ ခွင့်ပြုချက်ပေးခဲ့ပါက malware များကို ထည့်သွင်းနိုင်သည်။

(၈) SIM ကတ်ကို lock လုပ်ပါ။

ဖုန်းမှ အချက်အလက်များကို encrypt လုပ်သလို SIM ကတ်ကိုလည်း lock လုပ်ထားသင့်သည်။ SIM ကတ်ကို lock ထားသည့်အခါ ဖုန်းကို restart လုပ်တိုင်း PIN နံပါတ် တောင်းမည်ဖြစ်သည်။ ထို့ကြောင့် ဖုန်းမှ အချက်အလက်များ ဆုံးရှုံးမည်ကို စိုးရိမ်ပါက SIM ကတ်တွင် PIN နံပါတ်ဖြင့် lock ပြုလုပ်ထားရန် လိုအပ်သည်။

(၉) မလိုအပ်သည့်အချိန်တွင် Bluetooth နှင့် hotspot ဝန်ဆောင်မှုများကို ပိတ်ထားပါ။

Bluetooth နှင့် hotspot ဝန်ဆောင်မှုများကို ဖွင့်ထားသည့်အခါ အခြား ထုတ်ကုန်များက သင့်၏ ဖုန်းကို မြင်တွေ့နိုင်သည်။ ၎င်းသည် လုံခြုံရေးချိုးဖောက်မှုအတွက် လမ်းဖွင့်ပေးသလို ဖြစ်နိုင်သည်။ ထို့ကြောင့် မလိုအပ်သည့် အချိန်တွင် အဆိုပါ ဝန်ဆောင်မှုများကို ဖွင့်လျက် မထားသင့်ပေ။ ၎င်းသည် လုံခြုံရေး အန္တရာယ် ရှိနိုင်သလို ဘက်ထရီလည်း ကုန်ဆုံးလွယ်စေသည်။

(၁၀) Location setting ကို လိုအပ်မှ ဖွင့်ပါ။

အသုံးပြုရန် မလိုအပ်သည့်အခါ location setting ကို ပိတ်ထားသင့်သည်။ ၎င်းသည် Android ထုတ်ကုန်၏ လုံခြုံမှုနှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း ဖုန်း၏ လုံခြုံမှုစနစ်ကို ထိန်းချုပ်နိုင်သောကြောင့် အချက်အလက် ပေါက်ကြားမှု ဖြစ်ပေါ်နိုင်သည်။ လိုအပ်ချိန်မှသာ location setting ကို ဖွင့်ပြီး အသုံးပြုခြင်းသည် ဘက်ထရီ အလျင်အမြန် ကုန်ဆုံးခြင်းကို လျော့နည်းသက်သာစေသည်။ ထို့အပြင် မလိုလားအပ်သည့် အချက်အလက် သုံးစွဲမှုကိုလည်း လျော့နည်းစေသည်။

Ref: TechRepublic



Credit    >>>>>     မောင်ပေါက်



ကျွန်တော့် ဘလော့ကို အလည်လာကြတဲ့ မိတ်ဆွေအပေါင်းတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အဆင်ပြေကြပါစေဗျာ....     ( ကိုဖြိုး - Ygn)( ကိုဖြိုး - Ygn)



လိုအပ်တာများရှိရင် ဒီမှာ ပြောထားခဲ့နိုင်ပါတယ်ခင်ဗျာ...

ခွေးလိမ္မာလေးနဲ့ အပျင်းပြေဆော့နိုင်ပါတယ်......

အပျင်းပြေ ငါးလေးများကို အစာကျွေးနိုင်ပါတယ်....

Contributors

Information Technology kophyo2. Powered by Blogger.

Blog Archive

မြန်မာပြက္ခဒိန်

အွန်လိုင်း ရေဒီယို

a href="http://radio.mymclub.net">MYMC Radio

လာလည်ကြသော မိတ်ဆွေများ

တင်ထားသော ပို့စ်အရေအတွက်

Like Blog

IT နည်းပညာ ၀ါသနာပါသူများ (Ph)


-- နာမည် -- ------- ဖုန်းနံပါတ် ------
-- ကို ဖြိုး -- +95936176616

လည်ပတ်နိုင်သော နေရများ..

Heart

Mouse Text

Related

Related Posts Plugin for WordPress, Blogger...

Spotlite