အဆင်ပြေရင် Like နှိပ်ပေးခဲ့ပါနော်..... Thank

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အိမ်သုံးကြိုးဖုန်းများမှတစ်ဆင့် မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုပေးမည် (News)



IT နည်းပညာ ၀ါသနာ ပါသူများ Group - ၂ မှ လှိုက်လဲစွာ ကြိုဆိုပါတယ်ခင်ဗျာ....


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အိမ်သုံးကြိုးဖုန်းများမှတစ်ဆင့် မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုပေးမည်


10402057_691893280860164_4734085069067751101_n


ရန်ကုန်၊ ဇူလိုင် ၁၉- အိမ်တိုင်းတွင် ကြိုးဖုန်းများ သုံးစွဲနိုင်ရန်နှင့် ယင်း ကြိုးဖုန်းမှတစ်ဆင့် မြန်နှုန်းမြင့်အင် တာနက်အသုံးပြုနိုင်ရန် ဝန်ဆောင် မှုပေးသွားမည်ဖြစ်ကြောင်း အော်ပ ရေတာတစ်ခုအဖြစ် လုပ်ကိုင် မည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) မှအထွေထွေမန်နေဂျာ ဦးခင်မောင် ထွန်းက ပြောသည်။

ဂျပန်ကုမ္ပဏီများဖြစ်သည့် KDDI နှင့် Sumitomo ကော်ပိုရေးရှင်းတို့ နှင့်ပူးပေါင်း၍ ယင်းကဲ့သို့ကြိုးဖုန်းများ အသုံးပြုနိုင်ရန်အတွက် ဆက်သွယ် ရေးကွန်ရက်များတိုးချဲ့သွားမည်ဖြစ် ကာ လက်ရှိသုံးစွဲနေသည့်အင်တာ နက်လိုင်းထက် မြန်နှုန်းများစွာမြင့် သည့် အင်တာနက်လိုင်း တိုးချဲ့ဝန် ဆောင်မှုပေးနိုင်ရန် လပိုင်းအတွင်း ဂျပန်ကုမ္ပဏီနှစ်ခုနှင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အထွေထွေမန်နေဂျာဦးခင်မောင်ထွန်းကပြော သည်။

ယင်းက ''အော်ပရေတာတစ်ခု ဖြစ်သွားရင်ဆက်သွယ်ရေး ဝန်ဆောင် မှုပေးမှာတွေ အများကြီးပေးမှာပါ။ ကြိုးဖုန်းတွေ လဲဈေးလျှော့ပေး ဖို့ အစီ အစဉ်တွေရှိတယ်။ လက်ရှိသုံးနေတဲ့ အင်တာနက်လိုင်းထက် ပိုကောင်း အောင် ကွန်ရက်ဖြန့်ကြက်တာတွေ လုပ်မှာပါ''ဟုပြောသည်။

အဆိုပါ ဂျပန်ကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်း၍ မိုဘိုင်းဖုန်းဆက်သွယ်ရေး ကွန်ရက် ဖြန့်ကြက်ခြင်းများအပြင် ကြိုး ဖုန်းမှတစ်ဆင့် အင်တာနက်ချိတ် ဆက်အသုံးပြုခြင်းများအတွက် ဒေ တာအသုံးပြုရာတွင် လုပ်ငန်းအမျိုး အစားပေါ်မူတည်၍ Data Usage အမျိုးမျိုးဖြင့်ရောင်းချနိုင်ရန် ဆောင် ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းနှင့်ပတ်သက်၍ KDDI မှ မစ္စတာ Tajima က ''ဒီနိုင်ငံမှာ အဓိကလိုအပ်နေတာကတော့ နက်ဝပ်ခ် ပိုင်းပေါ့။ ရှိပြီးသားနက်ဝပ်ခ်ပိုင်း ကို တိုးချဲ့ပြင်ဆင်ရုံပဲဖြစ်တဲ့အတွက် တခြားအော်ပရေတာတွေထက် အား သာချက်တွေရှိနိုင်မှာပါ။ ဂျပန်မှာပေး နေတဲ့ဝန်ဆောင်မှုတွေအတိုင်း KDDI က အင်တာနက်နဲ့ နက်ဝပ်ခ် ပိုင်းပြသာနာကိုဖြေရှင်းမယ်''ဟုပြောသည်။

လက်ရှိတွင် ဆက်သွယ်ရေးသ တင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ ကြိုဖုန်းများကို တိုင်း နှင့် ပြည်နယ်အသီးသီး တွင် ဈေးနှုန်း များလျှော့ချရောင်းချပေးနိုင်ရန် လွှတ် တော်မှတစ်ဆင့် ဖြေကြား ခဲ့ခြင်းများ ရှိခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်နေ ကုမ္ပဏီ ဝန်ထမ်းတစ်ဦးဖြစ်သည့် ဦးအောင် ဝင်းက ''အခုကတော့မိုဘိုင်းဖုန်းတွေပဲ သုံးတာများတာပေါ့။ အင်တာနက် သုံးလဲ မိုဘိုင်းဖုန်းကနေ သုံးတယ်။ အိမ်တိုင်းကတော့ ကြိုးဖုန်းတွေရှိမယ် ဆိုရင်တော့ အဆင်ပြေတာပေါ့။ အ ရည်အသွေးလဲကောင်းမယ်။ အားလုံး တတ်နိုင်တဲ့ဈေးဆိုရင် ပြည် သူတွေကသုံးမှာပါပဲ''ဟု ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ အော်တိုကြိုးဖုန်း များကို ၂၀၁၁ခု နှစ်က ကျပ် ခြောက်သိန်းဖြင့် အရစ် ကျပေးချေသည့်စနစ်ဖြင့် မြို့နယ်အ လိုက် ရောင်းချပေးခဲ့ခြင်းများရှိပြီး လက်ရှိတွင် ပုဂ္ဂလိကကုမ္ပဏီများကို မြို့နယ်နှစ်မြို့နယ်၌ လိုင်းနှင့်ပတ် သက်၍ ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ရန် လွှဲပြောင်းလုပ်ကိုင် ခွင့်ပြုထားကြောင်းသိရသည်။ 




Credit     >>>>>       မောင်ပေါက်



 နောက်ထပ် လည်ပတ်နိုင်သော နေရာလေးများပါ......  ၀င်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ဗျာ...... 


ပုံမှာ (သို့) ဒီလင့်မှာ နှိပ်ပြီးသွားလိုက်ပါ   >>> GO HERE <<<
ပုံမှာ (သို့) ဒီလင့်မှာ နှိပ်ပြီးသွားလိုက်ပါ   >>> GO HERE <<<
ပုံမှာ (သို့) ဒီလင့်မှာ နှိပ်ပြီးသွားလိုက်ပါ   >>> GO HERE <<<
ပုံမှာ (သို့) ဒီလင့်မှာ နှိပ်ပြီးသွားလိုက်ပါ   >>> GO HERE <<<
ပုံမှာ (သို့) ဒီလင့်မှာ နှိပ်ပြီးသွားလိုက်ပါ   >>> GO HERE <<<




:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer 

ကျွန်တော့် ဘလော့ကို အလည်လာကြတဲ့ မိတ်ဆွေအပေါင်းတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အဆင်ပြေကြပါစေဗျာ....     ( ကိုဖြိုး - Ygn)  ( ကိုဖြိုး - Ygn)



0 comments:

Post a Comment

လိုအပ်တာများရှိရင် ဒီမှာ ပြောထားခဲ့နိုင်ပါတယ်ခင်ဗျာ...

ခွေးလိမ္မာလေးနဲ့ အပျင်းပြေဆော့နိုင်ပါတယ်......

အပျင်းပြေ ငါးလေးများကို အစာကျွေးနိုင်ပါတယ်....

Contributors

Information Technology kophyo2. Powered by Blogger.

Blog Archive

မြန်မာပြက္ခဒိန်

အွန်လိုင်း ရေဒီယို

a href="http://radio.mymclub.net">MYMC Radio

လာလည်ကြသော မိတ်ဆွေများ

တင်ထားသော ပို့စ်အရေအတွက်

Like Blog

IT နည်းပညာ ၀ါသနာပါသူများ (Ph)


-- နာမည် -- ------- ဖုန်းနံပါတ် ------
-- ကို ဖြိုး -- +95936176616

လည်ပတ်နိုင်သော နေရများ..

Heart

Mouse Text

Related

Related Posts Plugin for WordPress, Blogger...

Spotlite