အဆင်ပြေရင် Like နှိပ်ပေးခဲ့ပါနော်..... Thank

ဘယ် Data Plan ကို ရွေးချယ်မလဲ (ဗဟုသုတအဖြစ်လေ့လာထားသင့်သည်) (Knowledge)


ယခုဖော်ပြမည့် အကြောင်းအရာသည် စမတ်ဖုန်းကို data plan ဖြင့် အသုံးပြုသည့်အခါ တစ်လလျှင် မိမိသုံးစွဲသည့် data ပမာဏ မည်မျှ ကုန်ကျမည်ကို ခန့်မှန်းသိရှိနိုင်စေရန် အထောက်အကူ ဖြစ်စေနိုင် မည်ဖြစ်သည်။ Data plan ပမာဏ မည်မျှ ကုန်ကျမည်ကို မတွက်ချက်ဘဲ data plan တစ်ခုကို မှားယွင်း ရွေးချယ်မိသည့်အခါ ငွေကြေး အလဟဿ ကုန်ကျမှုများ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် သုံးစွဲသည့် data ပမာဏနှင့် ကိုက်ညီမည့် data plan ကို ရွေးချယ်နိုင်စေရန် ဖော်ပြလိုက်ပါသည်။



ဘယ် Data Plan ကို ရွေးချယ်မလဲ (ဗဟုသုတအဖြစ်လေ့လာထားသင့်သည်)


10354820_10152566767131422_6112912048981595354_n


IT နည်းပညာ ၀ါသနာ ပါသူများ Group - ၂ မှ လှိုက်လဲစွာ ကြိုဆိုပါတယ်ခင်ဗျာ....


Email

Email သည် စမတ်ဖုန်းများပေါ်တွင် အသုံးပြုမှုအများဆုံး feature တစ်ခုဖြစ်သည်။ သို့သော်လည်း ၎င်း၏ data သုံးစွဲမှုမှာ နည်းပါးသည်။ ဓာတ်ပုံ၊ ဗီဒီယိုနှင့် အခြား attachment များ မပါသည့် email မြောက်များစွာကို data သုံးစွဲမှု အနည်းငယ်ဖြင့် ပေးပို့နိုင်သည်။ ဥပမာ အနေဖြင့် တစ်လလျှင် email အစောင်ရေ ၅,၀၀၀ ပေးပို့သည့်အခါ data 100MB သာ ကုန်ကျမည်ဖြစ်သည်။ သို့သော်လည်း attachment ပါသည့် email နှင့် attachment မပါသည့် email တို့၏ data သုံးစွဲမှု ပမာဏ အလွန်ကွာခြားသည်။ တစ်လလျှင် ဓာတ်ပုံတစ်ပုံ ပါဝင်သည့် email အစောင်ရေ ၅,၀၀၀ ကို ပေးပို့သည့်အခါ data သုံးစွဲမှု 2GB ကျသင့်မည် ဖြစ်သည်။

Web browsing

Email ပေးပို့ခြင်း ကဲ့သို့ပင် အင်တာနက် အသုံးပြုခြင်းသည်လည်း စမတ်ဖုန်းတိုင်းတွင် လိုအပ်သည့် feature တစ်ခု ဖြစ်သည်။ သုံးစွဲသူ အနေဖြင့် လည်ပတ် ကြည့်ရှုသည့် ဝက်ဘ်စာမျက်နှာ (webpage) များအပေါ်မူတည်ပြီး data သုံးစွဲမှု ကွာခြားမည် ဖြစ်သည်။ ထို့အပြင် ဝက်ဘ်ဆိုက် (website) တစ်ခုနှင့် တစ်ခုက မတူညီသောကြောင့် multimedia feature အများအပြား ပါဝင်သော page များကို လည်ပတ် အသုံးပြုသည့်အခါ data ပိုမို ကုန်ကျမည် ဖြစ်သည်။ Multimedia feature အနည်းငယ်သာ ပါဝင်သည့် ဝက်ဘ်ဆိုက်များကို အသုံးပြုသည့်အခါ တစ်လလျှင် 100MB သာ ကုန်ကျနိုင်သည်။ Data-heavy ဆိုက်များကို အသုံးပြုသည့်အခါ 1GB အထိ ကုန်ကျနိုင်သည်။

Social Media

Twitter နှင့် Facebook ကဲ့သို့သော လူမှုရေး မီဒီယာများသည်လည်း data သုံးစွဲမှုမြင့်မားစေသည်။ အဆိုပါ လူမှုရေး ကွန်ရက်များပေါ်တွင် ဓာတ်ပုံ အများအပြားကို မတင်ဘဲ အသုံးပြုပါက တစ်လလျှင် data သုံးစွဲမှု 100MB သာရှိနိုင်သည်။ Facebook တွင် တစ်နေ့ကို ဓာတ်ပုံ ၁၀ ပုံတင်ပါက တစ်လလျှင် data သုံးစွဲမှု 400MB ခန့်ရှိနိုင်သည်။

Downloading Apps/Games/Songs

Download ပြုလုပ်ခြင်းသည်လည်း data သုံးစွဲမှု မြင့်မားစေသည့် အချက်ဖြစ်သည်။ သီချင်း တစ်ပုဒ် ကို နေ့စဉ် download ပြုလုပ်သူသည် data သုံးစွဲမှု တစ်လလျှင် 100MB အထိ ရှိနိုင်သည်။ App များကို download ပြုလုပ်ခြင်းနှင့် app များကို update ပြုလုပ်ခြင်းသည် data သုံးစွဲမှုနှုန်းကို များပြားစေ သည်။ ထို့ကြောင့် app download ပြုလုပ်ခြင်းနှင့် update ပြုလုပ်ခြင်းတို့ကို Wi-Fi ပေါ်တွင်သာ ပြုလုပ် သင့်သည်။

Viber

Viber ဖြင့် ဖုန်းခေါ်ဆိုမှုသည် တစ်မိနစ်လျှင် 240KB ဝန်းကျင်သာရှိသည်။ တစ်နာရီ ခေါ်ဆိုရာတွင် 14MB ဝန်းကျင်သာရှိသည်။ Viber ဖြင့် message ပေးပို့ရာတွင် အင်္ဂလိပ်အက္ခရာစာလုံး ၅၀၀ လျှင် 828bytes ရှိသည်။ 1KB သည် meesage အတို ၅ စောင် ပေးပို့ခြင်းနှင့် ညီမျှသည်။ Viber app ကို background တွင် ဖွင့်ထားသည့်အခါ data သုံးစွဲမှု အနည်းငယ်သာရှိသည်။

Streaming Audio

သီချင်းများကို အင်တာနက်ပေါ်တွင် နားဆင်ခြင်းသည်လည်း data သုံးစွဲမှု ပမာဏကို မြင့်မားစေသည်။ ရုံးချိန်အတွင်း အင်တာနက်ပေါ်မှ သီချင်းနားထောင်ခြင်းကို နေ့စဉ်ပြုလုပ်ပါက တစ်လလျှင် data 6GB ကျော်အထိ ကုန်ကျနိုင်သည်။ တစ်နေ့ကို ပျှမ်းမျှ တစ်နာရီ နားထောင်ပါက တစ်လလျှင် 1GB နီးပါး ကျသင့်မည် ဖြစ်သည်။ ထို့ကြောင့် အွန်လိုင်းပေါ်မှ သီချင်းနားထောင်ခြင်းကို Wi-Fi ဖြင့်သာ ပြုလုပ် သင့်သည်။

Streaming Video

အင်တာနက်ပေါ်တွင် ဗီဒီယို ကြည့်ရှုခြင်းသည်လည်း data သုံးစွဲမှု မြင့်မားစေသည်။ Netflix တွင် မိနစ် ၃၀ စာ တီဗီအစီအစဉ်ကို နေ့စဉ် ကြည့်ရှုပါက တစ်လလျှင် data 2GB နီးပါး ကုန်ကျနိုင်သည်။ နေ့စဉ် ရုပ်ရှင်ဇာတ်ကား တစ်ကားစီ ကြည့်ရှုပါက တစ်လလျှင် 5GB အထိ ကုန်ကျနိုင်သည်။ ထို့ကြောင့် ပမာဏများပြားသည့် data plan ကို မဝယ်ယူထားပါက အွန်လိုင်းပေါ်မှ ဗီဒီယိုကြည့်ရှုခြင်းကိုလည်း အွန်လိုင်းပေါ်မှ သီချင်းနားထောင်ခြင်းကဲ့သို့ပင် Wi-Fi ဖြင့်သာ ပြုလုပ်သင့်သည်။


Credit     >>>>>        မောင်ပေါက်



 နောက်ထပ် လည်ပတ်နိုင်သော နေရာလေးများပါ......  ၀င်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ဗျာ...... 


ပုံမှာ (သို့) ဒီလင့်မှာ နှိပ်ပြီးသွားလိုက်ပါ   >>> GO HERE <<<
ပုံမှာ (သို့) ဒီလင့်မှာ နှိပ်ပြီးသွားလိုက်ပါ   >>> GO HERE <<<
ပုံမှာ (သို့) ဒီလင့်မှာ နှိပ်ပြီးသွားလိုက်ပါ   >>> GO HERE <<<
ပုံမှာ (သို့) ဒီလင့်မှာ နှိပ်ပြီးသွားလိုက်ပါ   >>> GO HERE <<<
ပုံမှာ (သို့) ဒီလင့်မှာ နှိပ်ပြီးသွားလိုက်ပါ   >>> GO HERE <<<




:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer 

ကျွန်တော့် ဘလော့ကို အလည်လာကြတဲ့ မိတ်ဆွေအပေါင်းတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အဆင်ပြေကြပါစေဗျာ....     ( ကိုဖြိုး - Ygn)  ( ကိုဖြိုး - Ygn)



0 comments:

Post a Comment

လိုအပ်တာများရှိရင် ဒီမှာ ပြောထားခဲ့နိုင်ပါတယ်ခင်ဗျာ...

ခွေးလိမ္မာလေးနဲ့ အပျင်းပြေဆော့နိုင်ပါတယ်......

အပျင်းပြေ ငါးလေးများကို အစာကျွေးနိုင်ပါတယ်....

Contributors

Information Technology kophyo2. Powered by Blogger.

Blog Archive

မြန်မာပြက္ခဒိန်

အွန်လိုင်း ရေဒီယို

a href="http://radio.mymclub.net">MYMC Radio

လာလည်ကြသော မိတ်ဆွေများ

တင်ထားသော ပို့စ်အရေအတွက်

Like Blog

IT နည်းပညာ ၀ါသနာပါသူများ (Ph)


-- နာမည် -- ------- ဖုန်းနံပါတ် ------
-- ကို ဖြိုး -- +95936176616

လည်ပတ်နိုင်သော နေရများ..

Heart

Mouse Text

Related

Related Posts Plugin for WordPress, Blogger...

Spotlite