အဆင်ပြေရင် Like နှိပ်ပေးခဲ့ပါနော်..... Thank
Operating System အားလုံးရဲ့ Password ကို ကျော်ဖြတ်နိုင်မယ့် နည်းများ (Knowledge)
Operating System အားလုံးရဲ့ Password ကို ကျော်ဖြတ်နိုင်မယ့် နည်းများရှိပါတယ်။ Windows , Linux, Mac OS X တို့မှာ Password နဲ့ ကာကွယ်ထားရုံနဲ့ ဖိုင်များကို ကာကွယ်နိုင်ခြင်း မရှိပါဘူး။ ဖိုင်များကို Encrypt လုပ်ထားမှသာ စိတ်ချရတယ်ဆိုတာကို သတိပြုပါ။ ဒီနည်းလမ်းများက သင့် Operating System ရဲ့ Password ကို မေ့သွားလို့ဖြစ်ဖြစ် သင့် Operating System ကို အခြားသူများ ဖောက်ထွင်းမရအောင် ကာကွယ်ဖို့ ဖြစ်ဖြစ် အသုံးဝင်မှာပါ
Droidwall_v1.5.7 apk
Windows
------------
Windows Password ကို Reset လုပ်နိုင်တဲ့ နည်းများစွာရှိပါတယ်။ Windows က Password Reset Disk ပြုလုပ်ဖို့ ပံ့ပိုးပေးထားပါတယ်။ ဒါက Official Tool ပါ။ Password မမေ့ခင် Password Reset Disk တစ်ခုပြုလုပ် ထားရမှာပါ။
Official Tool မဟုတ်တဲ့ Tools တွေများစွာ ရှိပါသေးတယ်။ ဥပမာ အနေနဲ့ Offline NT Password & Registry Editor ကို အသုံးပြုလို့ရပါတယ်။ ပထမဆုံး Offline NT Password & Registry Editor ကို Disc ဒါမှမဟုတ် USB Drive မှာ ထည့်သွင်းရမှာဖြစ်ပြီး အဲဒီ Disc or USB Drive နဲ့ ကွန်ပြူတာကို Boot တက်ရပါမယ်။ အဲဒီ Tool က Windows Registry ကို ပြုပြင်ပေးပြီး Password ကို ရှင်းလင်းပေးမှာပါ။
Windows 8 ကို Microsoft Account နဲ့ အသုံးပြုရင်လည်း Administrator Accont ရဲ့ Password ကို Reset လုပ်နိုင်မှာ ဖြစ်ပါတယ်။
ဒီနည်းလမ်းတွေကို ကာကွယ်ဖို့အတွက် သင့်ကွန်ပြူတာရဲ့ BIOS ကို Password နဲ့ ကာကွယ်ထားရမှာပါ။ ဒီလိုကာကွယ်ထားရင် External Device တွေကနေ Boot တက်လို့ မရတော့ပါဘူး။ သင့်ရဲ့ Windows System Drive ကို BitLocker လို Tool မျိုးနဲ့ Encrypt လုပ်ထားမယ်ဆိုရင် Registry ကို ပြင်လို့ မရအောင် ကာကွယ်ထားနိုင်ပါတယ်။ Encryption လုပ်ခြင်းကသာ သင့်ရဲ့ ကွန်ပြူတာကို ကာကွယ်ဖို့ တစ်ခုတည်းသော နည်းလမ်းပါ။
Linux
--------
ဒီနေရာမှာတော့ Ubuntu ကို အကောင်းဆုံး ဥပမာ ပေးပါမယ်။ Ubuntu က သူ့ရဲ့ Default Grub Boot Menu မှာ Recovery Mode ကို ထည့်သွင်းပေးထားပါတယ်။ Advanced Options ကနေ Recovery Mode ကို ရွေးချယ်ရမှာပါ။ Menu ကို မတွေ့ရရင် Boot တက်ချိန်မှာ Shift Key ကို ဖိထားလိုက်ရင် Menu ပေါ်လာမှာပါ။ ဒါဆိုရင် Root Shell Prompt ကို တိုက်ရိုက်သုံးနိုင်ပြီဖြစ်ပြီး Password ကို ဖျက်ပစ်နိုင်ပါပြီ။ Grub Boot Menu ကို Lock လုပ်ထားရင် Linux Live Media ကို သုံးပြီး Password ကို ဖျက်ပစ်နိုင်ပါတယ်။
ထပ်သတိပေးချင်တာက Encryption လုပ်ထားမှသာ သင့် ကွန်ပြူတာကို အကောင်းဆုံး ကာကွယ်နိုင်တယ်ဆိုတာပါ။ ဒီနေရာမှာ Ubuntu ကို ဥပမာပေးထားပါတယ်။ Linux Distribution အားလုံးနီးပါးဟာ Grub ကို သုံးကြပါတယ်။
Mac OS X
-------------
Macs မှာ Password Reset Tool ဟာ Built-In ပါရှိပြီး အလွယ်တကူ သုံးနိုင်ပါတယ်။ Recovery Mode ထဲဝင်သုံးရမှာပါ။ ဒီလိုလုပ်ဖို့ Apple Menu ကို နှိပ်ပြီး Restart ကို ရွေးချယ်ပါ။ Boot တက်လာရင် Command + R ကို ဖိထားပါ။ ဒါဆိုရင် Recovery Mode ထဲရောက်သွားမှာဖြစ်ပါတယ်။
Recovery Mode ထဲမှ Utilities Menu ကိုနှိပ်ပါ။ Terminal ကို ရွေးပြီး resetpassword လို့ရိုက်ပါ။ အန်းတားနှိပ်ပါ။ Reset Password Utility ကိုတွေ့ရမှာ ဖြစ်ပြီး Mac ကွန်ပြူတာမှ ဘယ်လို User Account ကိုမဆို Reset လုပ်နိုင်ပါပြီ။ အဲဒီ Tool ကို Mac OS X Installation Disc ကနေလည်း သုံးနိုင်ပါသေးတယ်။
သင့် Mac ရဲ့ Password ကို Reset လုပ်ခံရခြင်းမှ ကာကွယ်ဖို့ FileVault Disk Encryption ကို Enable လုပ်နိုင်သလို Recovery Mode ထဲမှာ Firmware Password ကိုသတ်မှတ်နိုင်ပါတယ်။ နှစ်မျိုးစလုံးကို လည်း ပြုလုပ်နိုင်ပါတယ်။
Chrome OS
---------------
သင့် Chromebook ရဲ့ User Account Password ဟာ သင့်ရဲ့ Google Account Password ပါပဲ။ Web ပေါ်မှ Google Account Password ကို Reset လုပ်ရင် Chromebook ရဲ့ User Account Password ကို ပြောင်းလဲနိုင်မှာပါ။
သင့်ရဲ့ Google Password ကိုမေ့သွားလို့ Chromebook ကို Signin လုပ်လို့မရဘူးဆိုရင် ဒါမှမဟုတ် Chromebook ပိုင်ရှင်အဟောင်းရဲ့ Password ကို မသိဘူးဆိုရင်Chromebook ရဲ့ Signin Screen ကို သွားပါ။ Ctrl+Shift+Alt+R ကိုတစ်ပြိုင်နက်နှိပ်ပါ။ ဒါဆိုရင် Powerwash နဲ့ Chromebook ကို Factory Reset လုပ်ဖို့ ပေါ်လာမှာပါ။ Reset လုပ်ပြီးရင် Chromebook ကို သင့်ရဲ့ Google Account နဲ့ Login ၀င်လို့ရပါပြီ။ ဒီလိုလုပ်ရင် Chromebook ပိုင်ရှင် အဟောင်းရဲ့ ဒေတာအားလုံးကို ဖျက်ပစ်မှာဖြစ်ပေမယ့် အွန်လိုင်းမှာ သိမ်းထားပေးမှာဖြစ်ပါတယ်။
Chromebook မှာ ပိုင်ရှင်ရဲ့ Password မသိဘဲနဲ့ ဖိုင်တွေကို သုံးလို့မရပါဘူး။ ဖိုင်အားလုံးကို Default အားဖြင့် Encrypt လုပ်ထားတာပါ။
Android
-------------
သင့် Android ရဲ့ Lock Screen Code ကို မေ့သွားရင် Reset လုပ်နိုင်ပါတယ်။ Password , PIN, Pattern ကို အကြိမ်အနည်းငယ် မှန်းဆထည့်ကြည့်လို့မမှန်သေးရင် “Forgot Password”, “ Forgot PIN” , “ Forgot Pattern” ဆိုတဲ့ Option များကို တွေ့ရမှာပါ။ အဲဒီ Option တစ်ခုကိုရွေးချယ်ပြီး သင့်ရဲ့ Android မှာ ချိတ်ဆက်ထားတဲ့ Google Account ရဲ့ Username, Password ကိုထည့်ပေးရင် Android ရဲ့ Lock Screen ကို ကျော်ဖြတ်နိုင်မှာပါ။
Google Account မရှိဘူးဆိုရင်လည်း Lock Screen ကို ကျော်ဖြတ်နိုင်တဲ့ နည်းတွေရှိပါတယ်။ အဲဒီနည်းတွေကတော့ USB Debugging ကို Enable လုပ်ထားတဲ့ Android Device တွေမှာဆိုရင် လွယ်ကူပါတယ်။ Android ကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီး ADB Command များနဲ့ Lock Screen ကို ကျော်ဖြတ်နိုင်ပါတယ်။
နောက်တစ်နည်းက Android ရဲ့ Recovery Mode ထဲကနေ Factory Reset ချခြင်းဖြင့် Password ကို ကျော်ဖြတ်နိုင်ပါတယ်။ ဒီလိုလုပ်ရင် Android ရဲ့ ဒေတာများကို ဖျက်ပေးမှာ ဖြစ်ပြီး စက်ရုံထုတ်အခြေအနေကို ရောက်ရှိသွားမှာပါ။ Android မှာ Recovery Mode ထဲဝင်ဖို့ နှိပ်ရတဲ့ ကီးများဟာ Device တစ်ခုနဲ့ တစ်ခုမတူညီပါဘူး။ အဲဒီအတွက် မိမိ Device အလိုက် အင်တာနက်မှာ ရှာဖွေပါ။
iOS
--------
iPhones, iPads, iPod Touch များမှာ Password ကို Reset ချလို့မရအောင် ပြုလုပ်ထားတာပါ။ Android လိုမဟုတ်ဘဲ သင့်ရဲ့ Apple ID နဲ့ Password ကို Reset ချလို့မရပါဘူး။ သင့် iOS Device ရဲ့ Password ကိုမေ့သွားရင် Factory Reset ချမှရမှာပါ။ Factory Reset ချရင် ဒေတာများကို ဖျက်ပစ်မှာ ဖြစ်ပေမယ့်လည်း သင့် Device မှ ဒေတာများကို Apple Account နဲ့ Sync လုပ်ထားရင် iCloud Bakcups ကနေ ပြန်လည်ရယူနိုင်ပါတယ်။ Factory Reset ချပြီးလို့ ဒေတာများကို ပြန်လည်ရယူနိုင်တဲ့ နောက်နည်းက Apple Device ကို ကွန်ပြူတာမှ iTunes မှာ Backup လုပ်ထားတယ်ဆိုရင် Device ကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီး iTunes Backup ကနေ ပြန်လည်ရယူနိုင်ပါတယ်။
iDevice ကို Recovery Mode ထဲကနေ Reset ချဖို့ Device ကို ပိတ်ပြီး Home Button ကို ဖိထားပါ။ Device ကို USB Cable ကနေ ကွန်ပြူတာနဲ့ ချိတ်ဆက်ပါ။ iTunes အလိုလို မပွင့်ရင် ဖွင့်ပါ။ iTunes က Recovery Mode ထဲရောက်နေတဲ့ Device ကို တွေ့နေတယ်လို့ အသိပေးမှာ ဖြစ်ပြီး Factory Reset ချပေးမှာ ဖြစ်ပါတယ်။
Password တွေဟာ လုံခြုံမှုမရှိဘူးဆိုတာ စာဖတ်သူသိရှိပါပြီ။ အဲဒီအတွက် အရေးကြီး ဒေတာများကို Encrypt လုပ်ထားသင့်ကြောင်း တင်ပြလိုက်ပါတယ်။
Credit >>>>> မောင်ပေါက်
Myanmar Digital Life Journal

နောက်ထပ် လည်ပတ်နိုင်သော နေရာလေးများပါ...... ၀င်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ဗျာ......
ပုံမှာ (သို့) ဒီလင့်မှာ နှိပ်ပြီးသွားလိုက်ပါ >>> GO HERE <<<

( ကိုဖြိုး - Ygn)
( ကိုဖြိုး - Ygn)
7:12 PM
|
Labels:
Knowledge
|
Subscribe to:
Post Comments (Atom)
လိုအပ်တာများရှိရင် ဒီမှာ ပြောထားခဲ့နိုင်ပါတယ်ခင်ဗျာ...
ခွေးလိမ္မာလေးနဲ့ အပျင်းပြေဆော့နိုင်ပါတယ်......
အပျင်းပြေ ငါးလေးများကို အစာကျွေးနိုင်ပါတယ်....
Information Technology kophyo2. Powered by Blogger.
Blog Archive
-
▼
2014
(372)
-
▼
August
(166)
- Facebook V17.0.0.0.9 Apk
- Facebook V17.0.0.0.8 Apk
- jetAudio Music Player Plus v4.3.0 Apk
- Hunter underwater spearfishing v1.5 (Mod Money) Apk
- MIUI 6 Launcher Theme v1.0.4 Apk
- CHAOS Combat Copters HD №1 v6.3.5 Apk
- CWM ခေါ် Clock Work Mode Recovery Rom နဲ့  Android ...
- Passcodes မသုံးဘဲ သင့်ရဲ့ဖုန်းဟာ လုံခြုံမှုရှိနိုင်...
- Volume Ace v3.3.0 Apk
- Folder Lock Pro v1.0 Apk
- Animated Photo Frame Widget + v5.3.0 Apk
- HD Camera Pro v1.3.4 Apk
- Equalizer + Pro (Music Player) v1.0.2 Apk
- Apex Launcher Pro v2.6.0 Apk
- AppMgr Pro III (App 2 SD) v3.38 Apk
- Dream Night Pro Live Wallpaper v1.2.1 Apk
- RAM Manager Pro v7.0.4 Apk
- ဖုန်းထဲက ပဌာန်းတရား နာကြားချင် သူများအတွက် ပဌာန်း apk
- Twiggy Skate To Escape Mod APK Unlimited Coins (An...
- Photo Locker Pro version110 Paid (All Android)
- Subway Surfers Miami Florida MOD APK v1.18.0 Unlim...
- Tenorshare iPhone 5 Transfer 1.1.0.0 Build 1887 + ...
- WiFi File Transfer version 1.0.9, Apk (All Android)
- Facebook post များတွင် စတစ်ကာများဖြင့် comment ရေး...
- Windows 9 ကို စက်တင်ဘာ ၃၀ ရက်တွင် မိတ်ဆက်ရန် စီစဉ်...
- အကောင်းဆုံးအခြေအနေတစ်ခုအထိမရောက်သေးသော Ooredoo Sim...
- EveryCircuit v2.08 Apk
- Sword Girl:Dungeon APK Version: 1.0 (Android Game)
- ဖုန်းရဲ့ Internet Dataအသုံးပြုမှုကို သတ်မှတ်နိုင်တ...
- Data Usage Defender v2.1.1
- LiveScore Apk
- USB Safely Remove 5.2.4.1215 Final Full Version (F...
- Tango Messenger, Video & Calls 3.9.98644 APK
- Tenorshare iPhone Care Pro 1.0.0.0 Build 2014.07.2...
- Unit Converter Plusv1.4.5.8 Apk
- Facebook V15.0.0.20.16 Official Version Apk
- Facebook က သင့် အကောင့်ကို Lock ချခြင်း Block ရခြင...
- FaceBook မှာသင့်ချစ်သူဒါမှမဟုတ် VIP တစ်ဦးဦး Onli...
- Valentine Next Luncher Themse V 1.0 apk
- ဆိုင်ကယ်စီးတာ ၀ါသနာပါတဲ့ မိတ်ဆွေများအတွက် Bike Rac...
- Cut the Rope 2 v1.1.7 Apk
- Racing Tank 2 Mod APK Unlimited Gold and Screw
- ဖုန်း Call အပြင် Viber, Skype, Tango တို့ကိုအသံဖမ်...
- Facebook V17.0.0.0.6 Apk
- မြန်မာ့ မိုဘိုင်းဖုန်းများအတွက် ထပ်တိုးဝန်ဆောင်မှုမ...
- Android latest version (4.4) (Knowledge)
- ဖေ့စ်ဘုတ် လျှို့ဝှက်ချက် (၁၀၀) (Knowledge)
- facebook ကို ဘာအတွက် သုံးမလဲ ? (Knowledge)
- တယ်လီနော၊ အော်ရီဒူးနှင့် မမြင်နိုင်သော လက်နက်ပုန်း...
- Samsungတွေကိုအတုအစစ်ကိုစစ်ဖို့ (Knowledge)
- phone ကို မော်ဒယ် အလွယ်တကူ ခွဲခြား သိရှိ နိုင်မယ့်...
- Huaweiအားလုံးအတုအစစ်ဟုတ်မဟုတ်Codeလေးနဲ့စစ်မယ် (Kn...
- ဖုန်းများ အားကုန် အောင် သုံးခြင်း ကြောင့် ဖြစ်တက်ေ...
- Android သုံး ဖုန်းတွေ Power စဖွင့်တာနဲ့ အဆင့်ဆင့် ...
- phone sim unlock လုပ်ချင်သူများအတွက် (Knowledge)
- Android စက်ဖွင့်နည်း ၅ နည်း (Knowledge)
- Android Zapya အကြောင်းတစ်စေ့တစ်စောင်း (Knowledge)
- Computer For commands Key များအလွယ်တကူကြည့်ရှုနိုင်...
- Processing Device များကို လေ့လာခြင်း (Knowledge)
- အင်တာနက် အသုံးပြုခြင်းက မထင်မှတ်သော ဆုံးရှုံးမှုများ...
- Mac နဲ့ Linux တို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်မျ...
- External hard drives နှင့်ပတ်သက်သော ပြသာနာများအတွက...
- Draw and Paint Pad Version : 1.03 Apk (All Android)
- Flash Player Pro v5.96 + Patch (For PC)
- DH Texas Poker – Texas Hold’em Version: 1.7.2 (And...
- ETERNITY WARRIORS Version: 2.3.0 (Android Game)
- Mojosoft Photo Frame Studio v2.96 ML+ Key (For PC)
- Solstice HD Theme Icon Pack v4 APK
- CyanogenMod GALAXY S5 Theme
- PAPER APEX/NOVA THEME v1.2 APK
- Theme အသစ်လေး - CM11 CM10 HTC One Sense Theme v1.1...
- လှပသေသပ်မှုများနဲ့အသစ်ထွက်ရှိလာတဲ့ - Quantum – Icon...
- ဖုန်းတစ်ခုလုံးကို ရွှေအိုရောင်များနဲ့လွမ်းခြုံအလှဆင...
- ခေတ်သစ်မာရီယိုဂိမ်း - Frenchs World v1.0.8 [Mod Mo...
- Window 8 , 8.1 Zawgyi Installer (For PC)
- ဓါတ်ပုံများကို ဟာသပုံများ နှင့် အခြားလိုသလိုပြုပြင...
- Home8+ like Windows 8 Launcher v3.2 ( for Android )
- PowerISO 6.0 Full Serial (32bit-64bit) (CD/DVD အခေ...
- HTC One M8 Sense 6 Theme v1 Apk (15-Aug)
- 4k Video Downloader 3.4.1.1450 (Crack) PreActivate...
- Android OS Updates မရဘူလား? Google က ဒီနည်းလမ်းမျာ...
- ဖုန်းကနေပြီး Youtube ထဲ့မှာ MP4, MP3 ဒေါင်းရန်TXD ...
- Operating System အားလုံးရဲ့ Password ကို ကျော်ဖြတ်...
- Files Sharing apk & ဖိုင်ရှယ်နည်း pdf
- USB Guardian 3.6.0.55 Final (For PC)
- MP3 Cutter and Ringtone Maker♫ Version: 1.5 APK (A...
- Network မှ တစ်ဆင့် ကွန်ပျူတာ မှာ window တင်နည်း (K...
- ♪ အသံနဲ့ ဖုန်းအားသွင်းနိုင်ပြီ ♫ (News)
- ဖုန်းနှင့် ချပ်/ ကစားပြောမယ့် WhatsApp Messenger v...
- အူရီးဒူးဖုန်းလိုင်း ရန်ကုန်မှာပင် အဆင်မပြေသေး (News)
- Lenovo စမတ်ဖုန်း ရောင်းအား ၂၃ ရာခိုင်နှုန်းအထိ တိုး...
- ဆဲလ်ဖုန်းများ Unlock လုပ်ခွင့်ရမည်
- မိမိဆီဖုန်းဝင်လာရင် " ဖုန်းမအားသေးပါလို့ဖြေဆိုပေးမ...
- ဒါလေးကတော့ Window XP&Window 7 အမြန်တင်နည်းလေးပါ (K...
- ဖုန်းတစ်လုံးထဲမှာ Facebook Account ပေါင်းများစွာကိ...
- ဖုန်းတစ်ခုလုံးကိုပေါ့ပါးသွက်လက်အောင်ရှင်းလင်းပေးမယ...
- ဖုန်း Music and Video ဒေါင်းရန်ခက်ခဲ့နေတဲ့သူအတွက် ...
- ဖုန်းနဲ့ဂစ်တာတီးမယ် Tun-d 2 Free Guitar Tuner V 2....
- ဘယ် Data Plan ကို ရွေးချယ်မလဲ (ဗဟုသုတအဖြစ်လေ့လာထား...
- DU Speed Booster (Cleaner) Version: 2.0.0(All Andr...
-
▼
August
(166)
- All Window Activator
- Animation Maker
- Antivirus
- App Locker
- AppMgr Pro
- Backup & Restore
- Browser
- Burner
- Caller apk
- Camera
- Cartoon Design Facebook
- Color Facebook
- Color FB Messenger
- CShare
- Data Monitor Widget
- Data Usage Defender
- Dictionary
- Digital Music Mentor
- Downloader
- Ebook
- Equalizer pro
- Facebook Desktop
- Facebook Messenger Up To Date Version
- Facebook Up to Date Version
- facebook(Official)
- File Manager
- Files Manager
- Firmware
- Folder Lock Pro
- For IOS
- For Mobile
- For PC
- Friends Caster Pro
- Friends Notifier for Facebook
- GalaxSim Unlock
- Games
- Hack Tool
- Huawei Firmware
- IOS Jailbreak Tool
- IPhone Care
- Keyboard
- Knowledge
- launcher
- Live Wallpaper
- LiveScore
- Logo Maker
- Markets
- Media Players
- MM Fonts
- Mobile Care APK
- Mobile Firmware
- Mobile Maps
- Mobile TV
- MP3 Cutter
- Musics Players
- My Blog Apk
- Network Tools
- News
- Nokia Firmware
- Note
- Office Suite
- Online Files Sharing
- Others
- Pattern Lock Remover
- PDF Reader
- Photo Editor
- Photo Locker
- PhotoFrame Widget
- Photoshop
- Photoshop CS5
- RAM Manager
- Root Checker
- Root Mobile
- Root Tool
- Samsung Zawgyi Enabler
- Screen Hunter
- Screen Locker
- Selection Softwares
- Sidebar Multitasking
- Social apk
- Sony Firmware
- SYH Firmware
- Tango
- Tenorshare IPhone 5 Transfer
- Unit Converter
- USB Safely Remove
- USB Security
- Viber
- Viber lock
- Video Downloader
- Video Editor
- Voice Recorder
- Volume Ace
- Wifi Apk
- Wifi Hotspot
- Window 7 Activator
- Window ISO
- Window Phone MM Font
- Zapya
- Zawgyi Font installer
- Zero Facebook
- ပဌာန်းတရား apk
မြန်မာပြက္ခဒိန်
အွန်လိုင်း ရေဒီယို
a href="http://radio.mymclub.net">
လာလည်ကြသော မိတ်ဆွေများ
တင်ထားသော ပို့စ်အရေအတွက်
Like Blog
IT နည်းပညာ ၀ါသနာပါသူများ (Ph)
-- နာမည် -- | ------- ဖုန်းနံပါတ် ------ |
---|---|
-- ကို ဖြိုး -- | +95936176616 |
0 comments:
Post a Comment